ဘာ ဒွေ လား ၁၅ နှစ်အရွယ်မိန်းကလေး ကိုယ်ဝန် ၆ လရှိချိန်မှ အစ်ကိုအရင်း၏ အဓမ္မပြုကျင့်မှုပေါ်ပေါက် ----— ဘိုဘို-မလှိုင်(အကုန်သိသတင်းဌာန) —----- ၁၅ နှစ်အရွယ်မိန်းကလေး ကိုယ်ဝန် ၆ လရှိချိန်မှ မိသားစု၏ ၀ိုင်းဝန်းစစ်မေးမှုကြောင့် အစ်ကိုအရင်း၏ အဓမ္မပြုကျင့်မှုပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ အုတ်ကျင်းကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်က ဒေါ်----— ၊ (၄၈)နှစ်သည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မ--— (၁၅)နှစ်၊ ပဉ္စမတန်း ကျောင်းသူက စာရေးရင်း “ဗိုက်အောင့်နေတယ်၊ စာမရေးနိုင်” ဟု ၄င်းအား ပြောပြခဲ့သဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် သမီးဖြစ်သူအား ယင်းမာပင်တိုက်နယ်ဆေးရုံသို့ ခေါ်ဆောင်ပြသရာ ဆရာဝန်မှ မိတ္ထီလာမြို့တွင် Ultrasound ရိုက်ရန်ပြောသဖြင့် မိတ္ထီလာမြို့ရှိ အပြင်ဆေးခန်းတစ်ခုသို့ သွားရောက် ပြသခဲ့သည်။ ယင်းသို့စစ်ဆေးရာ ဆရာဝန်က သမီးဖြစ်သူ မ--— တွင် ကိုယ်ဝန်ခြောက်လရှိနေပြီဟု ပြောသဖြင့် ရွာသို့ ပြန်လာကြပြီး နေအိမ်ရောက်သောအခါ မိခင်က သမီးဖြစ်သူအား “ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လဲ” ဟု မေးမြန်းရာ သမီးဖြစ်သူမှ မဖြေကြားခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁ရက်တွင် မိသားစုနှင့်အတူ သမီးဖြစ်သူ မ----အား ဝိုင်းဝန်းမေးမြန်းမှသာ အဆိုပါကိုယ်ဝန်မှာ အစ်ကိုအရင်းဖြစ်သူ မောင်---— ၊ (၂၀)နှစ်နှင့်ရသည့် ကိုယ်ဝန်ဖြစ်ကြောင်း ပြောသဖြင့် သားဖြစ်သူအား မေးမြန်းရာ ညီမဖြစ်သူ မ----အား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။ ထို့ကြောင့် မိခင်ဖြစ်သူမှ ဥပဒေအရ အရေးယူပေးပါရန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂ ရက်၊ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မောင်-----၊ ၂၀ နှစ်အား ယင်းမာပင် နယ်မြေရဲစခန်းမှ (ပ)၅၈/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Теги других блогов: SEO Google မြန်မာ