So Sad 😔 အရုဏ်ဆွမ်းချိုင့်သွားယူသည့် ရူပဗေဒ ဒုတိယနှစ်ကျောင်းသားကို ၅၅ လမ်းထိပ် အနော်ရထာလမ်းမပေါ်တွင် တိုက်ပြီးထွက်ပြေးသွားသည့် Mitsubishi RVR အဖြူရောင်အား စုံစမ်းရှာဖွေနေဆဲ ----— —--— —---— —-— —-— ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်းမနှင့် ၅၅ လမ်းထိပ်တွင် ၂၀၁၈ ခုနစ် စက်တင်ဘာ ၆ ရက် မနက် ၄ နာရီ ၂၀ ခန့်အချိန်က အဖြူရောင်ကားတစီးသည် ညောင်တုန်းကျောင်းတိုက် လေဆာဘုန်ကြီးကျောင်းမှ ဆွမ်းချိုင့်သွားယူသော ဒုတိယနှစ် အဝေးသင်တက်ရောက်နေသော ကျောင်းသားတဦးကိုတိုက်ပြီး တက်ကြိတ်သေဆုံးခဲ့ရသော်လည်း ကားအား ယနေ့အချိန်ထိ ဖမ်းမမိသေးဘဲ လိုက်လံစုံစမ်းလျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူမှာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ဆည်ရွာမြောက်ဘက် ကန်ကျေးရွာတွင်နေထိုင်ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ် ရူပဗေဒဘာသာဖြင့် အဝေးသင်တက်ရောက်နေသည့် မောင်သူရိန်သွေး (၁၉ နှစ်) ဖြစ်ကြောင်း သိရသည်။ ''သူက ဘုန်ကြီးကျောင်းအတွက် အရုဏ် နံနက် ၄ နာရီကျော်လောက်မှာ ဆွမ်းချိုင့်သွားယူရင်း ၅၅ လမ်းထိပ်နားမှာ အဖြူရောင်ကားတစီးက တိုက်တယ်။ ပထမ တိုက်တိုက်ချင်း သေဆုံးသွားတဲ့သူက ပေ ၂၀ လောက် လွင့်သွားတယ်။ ဒါကို ဒုတိယအကြိမ် ကားက ထပ်ကြိတ်မိပြီး သေဆုံးသွားခဲ့ရတယ်။ သေဆုံးတာနဲ့ပတ်သတ်လို့ CCTV မှာကြည့်တော့ ကားမောင်သမားက မူးနေတာဖြစ်မယ်။ ကားက မျငိမ္ဘူး။ CCTV ထဲမှာ ကားက ကားမီးထိုးလားတော့ နံပါတ်က မသဲကွဲဘူး။ အရောင်ကိုသာ သိရတယ်''ဟု ၎င်း ကပြောသည်။ တိုက်ပြီးထွက်ပြေးသွားသောကားနှင့်ပတ်သတ်၍ ယာဉ်ထိန်းရုံး ယာဉ်မှုစစ်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ''အခုလောလောဆယ် အမှုနဲ့ပတ်သတ်လို့ စစ်ဆေးမူတွေလုပ်နေတယ်။ CCTV မှာ ကားကိုတွေ့တာက ကားအမျိုးအစားက RVR အဖြူရောင်ဖြစ်တယ်။ အမှုပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာနယ်မြေတွေက CCTV တွေမှာ လိုက်လံကြည်ရှုစစ်ဆေးနေပါတယ်''ဟု ၅၁ လမ်း ယာဉ်ထိန်းရဲတပ်ဖွဲမှူးရုံးမှ တာဝန်ရှိသူတဦးကပြောသည်။ ဇင်နိုင် #News Watch