လား႐ိႈးၿမိဳ႕နယ္၊ ခါးသွ်ီရြာအနီး၌ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ကဖင္း၊ ဆက္စပ္ပစၥည္းမ်ားႏွင့္ သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီးရမိ ေနျပည္ေတာ္ စက္တင္ဘာ ၇ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ိႈးၿမိဳ႕နယ္၊ ခါးသွ်ီရြာအနီး၌ စက္တင္ဘာ ၆ ရက္မြန္းလြဲ ၁ နာရီခြဲခန္႔တြင္ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ကဖင္း(ခန္႔မွန္းတန္ဖိုးေငြက်ပ္သိန္းေပါင္း ၁၈ဝဝ ခန္႔)ႏွင့္ အျခား ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။ ျဖစ္စဥ္မွာ လား႐ိႈး-တန္႔ယန္းသြား ကားလမ္းမိုင္တိုင္အမွတ္(၅/၇)ရွိ ခါးသွ်ီရြာအနီး၌ လုံၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက သတင္းအရ ေစာင့္ဆိုင္းစဥ္ စက္တင္ဘာ ၆ ရက္ နံနက္၁ဝ နာရီခြဲခန္႔တြင္ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးရြာဘက္မွ မိုင္းရယ္ၿမိဳ႕နယ္၊ နမ့္ေပါင္ရြာဘက္သို႔ ေယာ္ထုန္(ဘ) ဦးဂြမ္လြမ္ ေမာင္းႏွင္သည့္ CANTER အမ်ဳိးအစား 3K/-----ႏွင့္ ဦးေဖာ္ဂြမ္ဂမ္ဖန္(ဘ) ဦးဂြမ္လြန္ ေမာင္းႏွင္သည့္ DYNA အမ်ဳိးအစား 3L/-----— တို႔အား ရပ္တန္႔စစ္ေဆးရာ ယာဥ္မ်ားေပၚမွ ကဖင္း ၂၄ဝဝ ကီလုိဂရမ္(ခန္႔မွန္းတန္ဖိုးေငြ က်ပ္သိန္းေပါင္း ၁၈ဝဝ ခန္႔)၊ အညိဳေရာင္ဓာတုေဆးရည္ ႏွစ္လီတာ၊ လိေမၼာ္ေရာင္ အေရာင္တင္မႈန္႔ ၄ ကီလုိဂရမ္၊ သံေပါင္းခံအုိးႏွစ္လုံး၊ အျဖဴေရာင္သံပုံး ၁၄ လုံး၊ ပလတ္စတစ္ပုံး ၁၂၅ လုံး၊ အနီေရာင္ ေကာ္ဇလုံႀကီး ၉ဝ လုံး၊ ဖန္ေပါင္းေခ်ာင္ရွည္၁၁ လုံး၊ ေမာ္တာငါးလုံး၊ ဂက္စ္အိုးတစ္လုံး၊ ေရာ္ဘာလည္ရွည္ဖိနပ္ ၁၆ စုံ၊ ေရာ္ဘာလက္အိတ္ရွည္ ၂၅ဝ စုံ၊ ဓာတ္ခြဲခန္းသုံး လိေမၼာ္ေရာင္ဝတ္စုံငါးစုံ၊ ဂက္စ္မီးကူး ေအာက္ခံသံခုံရွစ္ခု၊ ျပဒါးတိုင္ ၁၂ ေခ်ာင္း၊ ဓာတ္ေငြ႕ကာ မ်က္ႏွာဖုံးထိပ္စြပ္္ ၄၈ဝ ခု၊ ဓာတ္ေငြ႕ကာ မ်က္ႏွာဖုံး ၄၈ ခု၊ ေရစုပ္ေမာ္တာသုံးလံုး၊စတီးကန္ပါေမႊစက္ တစ္လုံး၊ ေရျမဳပ္ေမာ္ေတာ္သုံးလုံးႏွင့္ အျခားဆက္စပ္ပစၥည္း ၁၄ မ်ဳိး တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။ ဖမ္းဆီးရမိသူမ်ားအား စစ္ေဆးေမးျမန္းခ်က္မ်ားအရ ၎မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ကြတ္ခုိင္ၿမိဳ႕အနီးမွ တန္႔ယန္းလမ္းခြဲအနီး နမ့္ေပါင္ရြာသုိ႔ တစ္စီးလွ်င္ ေငြက်ပ္ ႏွစ္သိန္းႏႈန္းျဖင့္ မုံးကိုးၿမိဳ႕ေန တ႐ုတ္လူမ်ဳိး ေဟာ္စန္း ဆိုသူမွပု႔ိေဆာင္ရန္ ေစခုိင္းျခင္းျဖစ္ၿပီး ၎မွတစ္ဆင့္ SSA (ဝမ္ဟိုင္း)နယ္ေျမသုိ႔ ဆက္လက္ပို႔ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။ အဆိုပါေမာ္ေတာ္ယာဥ္ ႏွစ္စီး၊ မူးယစ္ ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ကဖင္းမ်ား၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား လား႐ိႈးၿမိဳ႕မရဲစခန္းမွ တရားဥပေဒအရ အမႈဖြင့္အေရးယူႏိုင္ေရး ေဆာင္ရြက္လ်က္ ရွိေၾကာင္းႏွင့္ ဆက္စပ္သူမ်ား ဖမ္းဆီးရမိေစေရး လုံၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။ (Unicode Version) လားရှိုးမြို့နယ်၊ ခါးသျှီရွာအနီး၌ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း၊ ဆက်စပ်ပစ္စည်းများနှင့် သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ နေပြည်တော် စက်တင်ဘာ ၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ခါးသျှီရွာအနီး၌ စက်တင်ဘာ ၆ ရက်မွန်းလွဲ ၁ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၈ဝဝ ခန့်)နှင့် အခြား ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ လားရှိုး-တန့်ယန်းသွား ကားလမ်းမိုင်တိုင်အမှတ်(၅/၇)ရှိ ခါးသျှီရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းစဉ် စက်တင်ဘာ ၆ ရက် နံနက်၁ဝ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးရွာဘက်မှ မိုင်းရယ်မြို့နယ်၊ နမ့်ပေါင်ရွာဘက်သို့ ယော်ထုန်(ဘ) ဦးဂွမ်လွမ် မောင်းနှင်သည့် CANTER အမျိုးအစား 3K/-----နှင့် ဦးဖော်ဂွမ်ဂမ်ဖန်(ဘ) ဦးဂွမ်လွန် မောင်းနှင်သည့် DYNA အမျိုးအစား 3L/-----— တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များပေါ်မှ ကဖင်း ၂၄ဝဝ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၈ဝဝ ခန့်)၊ အညိုရောင်ဓာတုဆေးရည် နှစ်လီတာ၊ လိမ္မော်ရောင် အရောင်တင်မှုန့် ၄ ကီလိုဂရမ်၊ သံပေါင်းခံအိုးနှစ်လုံး၊ အဖြူရောင်သံပုံး ၁၄ လုံး၊ ပလတ်စတစ်ပုံး ၁၂၅ လုံး၊ အနီရောင် ကော်ဇလုံကြီး ၉ဝ လုံး၊ ဖန်ပေါင်းချောင်ရှည်၁၁ လုံး၊ မော်တာငါးလုံး၊ ဂက်စ်အိုးတစ်လုံး၊ ရော်ဘာလည်ရှည်ဖိနပ် ၁၆ စုံ၊ ရော်ဘာလက်အိတ်ရှည် ၂၅ဝ စုံ၊ ဓာတ်ခွဲခန်းသုံး လိမ္မော်ရောင်ဝတ်စုံငါးစုံ၊ ဂက်စ်မီးကူး အောက်ခံသံခုံရှစ်ခု၊ ပြဒါးတိုင် ၁၂ ချောင်း၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးထိပ်စွပ် ၄၈ဝ ခု၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၄၈ ခု၊ ရေစုပ်မော်တာသုံးလုံး၊စတီးကန်ပါမွှေစက်တစ်လုံး၊ ရေမြုပ်မော်တော်သုံးလုံးနှင့် အခြားဆက်စပ်ပစ္စည်း ၁၄ မျိုး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်များအရ ၎င်းမူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့အနီးမှ တန့်ယန်းလမ်းခွဲအနီး နမ့်ပေါင်ရွာသို့ တစ်စီးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် မုံးကိုးမြို့နေ တရုတ်လူမျိုး ဟော်စန်း ဆိုသူမှပု့ိဆောင်ရန် စေခိုင်းခြင်းဖြစ်ပြီး ၎င်းမှတစ်ဆင့် SSA (ဝမ်ဟိုင်း)နယ်မြေသို့ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါမော်တော်ယာဉ် နှစ်စီး၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်းမှ တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဆက်စပ်သူများ ဖမ်းဆီးရမိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ http://cincds.gov.mm/node/284