မသိဘူး ချေးမယ် အပိုင်း (၃)
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီး ဒေါ်နီလာကျော်က ကျောင်းကားဝယ်ဖို့ ကမ္ဘောဇ ဘဏ်က ၅.၅ ဘီလီယံ ချေးငွေကို ရန်ကုန်တိုင်း အစိုးရလား ၊ ပုဂ္ဂလိက လား ဘယ်သူချေးထားမှန်း တိတိကျကျ မသိဘူး လို့ ရန်ကုန်တိုင်း လွှတ်တော်မှာ ဖြေခဲ့တယ်။
ဒါပေမယ့် ကျွန်တော်လေ့လာမိသလောက် ၁၅-၅-၂၀၁၇ အလဲဗင်း သတင်းမှာ ဒေါ်နီလာကျော်က ကျောင်းကား ၂၀၀ ကို ကျောင်းကားဆွဲမယ့်သူတွေကို လိုအပ်ရင် ဘဏ်ချေးငွေနဲ့ ၀ယ်နိုင်အောင်လုပ်ပေးမယ်လို့ ပြောထားတယ်။
၂-၁-၂၀၁၈ အလဲဗင်းသတင်းကို ကိုးကားဖော်ပြထားတဲ့ Consult- Myanmar ၀က်ဘ်ဆိုဒ်မှာလည်း ကျောင်းကားဆွဲမယ့် လုပ်ငန်းရှင်က မလုပ်နိုင်တော့လို့ YRTA က တာဝန်ယူလုပ်မယ်လို့ ဒေါ်နီလာကျော်က ရှင်း ပြထားတယ်။
ဒီလိုပါပဲ သတင်းတွေကို ပြန်လေ့လာရင် YBS, ကျောင်းကား ကိစ္စတွေနဲ့ပတ်သက်ရင် ၀န်ကြီး ဒေါ်နီလာကျော်က အရေးပါတဲ့နေရာက တာဝန်ယူ ဖြေကြားဆွေးနွေးနေတာကို တွေ့ရမှာပါ။
အဲဒီလို တာဝန်ရှိသူတစ်ယောက်က ချေးငွေနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းအချက်အလက်တွေ သိမထားဘူးဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေရဲ့ လုပ်ဆောင်မှု အပေါ် တွေးစရာတွေဖြစ်ရပါတယ်။